Monday, March 21, 2011

သံစဉ်လေးရဲ့တစ်နေရာ

တိတ်ဆိတ်တဲ့ ညတစ်ည

အေးစက်မှောင်မည်းပြီးပျင်းစရာကောင်းတဲ့တစ်ညတာကိုကျော်ဖြတ်ဖို့အတွက်ကိုယ့်အနားမှာအဖော်ပြုနေမယ့်အရာတစ်ခုခုရှိနေခဲ့ရင် အကောင်းသားလို့တွေးနေမိတယ်။အခုတော့အခန်းထဲကိုဝေ့၀ဲကြည့်လိုက်တော့လည်းဖန်တစ်ရာတေအောင် ဖတ်ထားလို့ ကြေနေတဲ့စာအုပ်စင်ပေါ်ကစာအုပ်တစ်ချို့ရယ်၊ ကိုယ်အဖော်ပြုပြီးစကားပြောနေကျ အရုပ် ကလေး တွေကလည်းမျက်လုံးလေးဖွင့်ပိတ်ပြ တတ်တော့ ညကျရင်သူ့ကိုဖက်အိပ်ဖို့ ကိုယ့်ခေါင်းအုံးလေးဘေးမှာချထားပြီးအပြင်ရှု့ခင်းကိုငေးကြည့်ရင်းတောင်စဉ်ရေမရခေါင်းထဲပေါ်လာသမျှတွေးဖို့ စဉ်းစားတော့လည်းဒီနေ့မှခေါင်းထဲမှာတွေးစရာမရှိတာအတော်ကိုယ်အံသြဖို့ကောင်းတဲ့တစ်ညပဲလို့ကိုယ်ကိုယ်ကိုပြောမိတယ်။ အခန်းထဲလမ်းလျှောက်နေတတ်ပြီးလူတွေ့ရင်ထွက်ပြေးတတ်တဲ့ပိုးကောင်ငယ်လေးတွေလည်းတစ်ကောင်မှမတွေ့မိဘူး။နောက်ဆုံးတော့

့မှောင်မည်းနေတဲ့ပြတင်းပေါက်ကနေတစ်ဆင့်မမြင်ရတဲ့အပြင်ဘက်ကို လျှပ်ရောင်တစ်ချက်တစ်ချက်လက်နေတဲ့ မိုးလေငွေ့လေးတိုက်တဲ့အပင်လေးတွေလှုပ်ရှားတာကိုကြည့်ငေးနေလို့ပဲတတ်တော့တယ်။အခုအချိန်မှာသူကောဟိုးအဝေးတစ်နေရာမှာ ဘာလုပ်နေမှာပါလိမ့်………….

ပျော်စရာကောင်းတဲ့ကိုယ်ရဲ့ကျောင်းတက်ရက်လေးတွေကိုကျော်ဖြတ်ဖို့အတွက်ဝေးလံလှတဲ့တောင်ပေါ်မြိုးလေးဆီကနေအဒေါ် တို့နေတဲ့အိမ်လေးကိုအမိုးပေးလိုက်တဲ့လက်ဆောင်စားစရာတွေရယ်ဒေသထွက်ချည်ထည်လေးတွေကိုဒေါ်လေးကိုပေးဖို့ထုတ်ပိုးရင်းနဲ့ အဘရဲ့ဆုံးမစကားလေးတွေကို မျက်ရည်အ၀ဲသားနဲ့နားထောင်ရင်း”ဟုတ်ကဲ့ဟုတ်ကဲ့”လို့ပြန်ပြောနေမိတာဘယ်နှစ်ကြိမ်ရှိမှန်းမသိ။ “ နောက်တော့လည်းပျော်သွားမှာပါကွယ်၊အမိုးစားစရာတွေလုပ်ပေးလိုက်တယ်”ဆိုတဲ့ အမိုးရဲ့ပြောစကားတွေရယ်ကိုအိမ်နဲ့ခွဲရမယ်လို့တွေးနေရင်းကနားထဲမ၀င်တစ်ချက်ဝင်တစ်ချက်ဝမ်းနည်းတာကောကျောင်းတက်ရမယ့် ပတ်ဝန်းကျင်အသစ်အတွက်တေွးပြီးပျော်သလိုအားလည်းငယ်မိတယ်။စာသင်ရက်တွေကိုနှစ်ခြိုက်လှတဲ့ကျွန်မအတွက်ကျွန်မရဲ့ ချစ်လှစွာသောမေ့မေ့ညီမဒေါ်လေး ငယ်က သူမ နေထိုင်ရာမြို့ကလေးမှနွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ ကျောင်းကိုတော့ဒေါ်လေးကိုယ်တိုင်လိုက်ပို့ပေးပြီးပြန်သွားခဲ့ချိန်မှာတော့အတန်းထဲမှာနေရာဦးပြီးချိန်ဘေးနားကသူငယ်ချင်းနဲ့မိတ်ဖွဲ့ကြည့်တဲ့အခါမှာ စကားပြောရတာ

သဘောဖြူအူစင်းတဲ့သူငယ်ချင်းတွေဘဲဆိုတာသိလိုက်ရလို့စိတ်ထဲက၀မ်းသာပြီးနေရာသစ်ကိုရောက်လာခဲ့တဲ့တစ်ခဏစိုးရိမ်စိတ်တွေတစ်ဝက်လျော့ကျသွားခဲ့ရပါတယ်

ဆရာ၊ဆရာမတွေတစ်ယောက်ပြီးတစ်ယောက်တစ်ချိန်ပြီးတစ်ချိန်ပြောင်းသွားချိန်မှာတော့စာထဲကိုစိတ်ရောက်သွားတဲ့အတွက်အမိုးနဲ့အဘကိုလွမ်းတဲ့စိတ်လျော့သွားတာနဲ့အတူအဒေါ်ဆီမှာကျောင်းတက်ဖို့ပို့ပေးတာကို လည်းအများကြီးကျေူးဇူးတင်စိတ်ထဲကဦးခိုက်မိပါတယ်။

ပျော်စရာကောင်းတဲ့စာသင်နှစ်တစ်နှစ်တာအပြီးမှာတော့ချစ်ခင်ရတဲ့ဆရာ။ဆရာမတွေနဲ့သူငယ်ချင်းတွေရှိတဲ့အတွက်ကိုယ်အတွက်တော့နေရာသစ်မှာအသားကျလို့ တိုတောင်းလှတဲ့အချိန်အတွင်းမှာဘဲ အရင်ကအေးစက်မှုန်ကုပ်စိုးရွံပြီးကြောက်နေခဲ့တဲ့ကိုယ်ဟာအတန်းထဲမှာ

မသိရင်ဒေသခံတစ်ယောက်လိုနဲ့စွာကျယ်ကျယ်လုပ်တတ်နေပါပြီ။အကြောင်းသိသူငယ်ချင်းတွေနဲ့ကတော့လာတုန်းကလွယ်အိတ်လေးကိုဆုပ်ကိုင်ထိုင်ခုံမှာထိုင်ပြီးစာကိုကုန်းကြည့်နေတတ်တဲ့ ကောင်မလေးတစ်ယောက်အကြာင်း

ရယ်စရာ အမှတ်ရစရာတစ်ခုလိုပြန်ပြောဖြစ်ကြစမြဲပါ။

ခင်မင်စရာကောင်းတဲ့သူငယ်ချင်းရယ်နွေးထွေးစွာကြိုဆိုသင်ကြားပေးတဲ့ဆရာဆရာမများနဲ့ကိုယ်ဟာဒီနေရာမှာနေသားတကျဖြစ်နေချိန်မှာတော့တစ်ခြားသူတွေအတွက်သိပ်မထူးခြားပေမယ် ကိုယ့်အတွက်ကတာ့

ကျောင်းပိတ်ရက်ကလေးတွေကိုလက်ချိုးရေတွက်လို့ပေါ့၊

5 comments:

rose said...

စာလာဖတ်သွားပါတယ် မကေဇင်ရှင့်။ ကိုယ် ဒေသနဲ့ မိဘတွေကို ခွဲခွာခဲ့ရတော့ ၀မ်းနည်း စရာလေး။ ဒါပေမယ့် ကိုယ် ရောက်နေတဲ့ နေရာမှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားတာပာာ မိဘတွေကို ကျေးဇူးဆပ်ရာ ရောက်ပါတယ်။

ye said...

ညီမ
အကိုရောက်အောင်လာလည်သွားတယ်နော်....တစ်ကယ်ကိုမထင်မိပါဘူး....ဒီလောက်အရေးအသားတော်လိမ့်မယ်လို့လေ....အကို့ရဲ့ငယ်ဘ၀ကိုတောင်ပြန်အမှတ်ရမိစေတဲ့အထိ အရေးအသားကောင်းတဲ့ ညီမကို လှိုက်လှိုက်လှဲလှဲချီးကျူးပါတယ်နော်...ပိုစ့်အသစ်တွေလည်း ဆက်တင်သွားပါဦး...အမြဲတမ်းအားပေးနေပါမယ်.....

Kay Zin said...

စာလာဖတ်သွားတဲ့အတွက်ကျေးဇူးတင်ပါတယ် မမ roseရေ
နောက်လဲအသစ်လေးတွေဆက်တင်နိုင်ဖိုကြိုးစားနေပါတယ်။

Kay Zin said...

လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်ကိုအရေးအသားကောင်းဖို့ကညီမလေ့လာသင်ယူနေဆဲပါ။

phoye mg mg said...

ရောက်ခဲ့တယ် ဘလော့မှာ လာမန့် သွားတာကို အံ့သြနေတာ ကျေးဇူးတင်ပါတယ်။